သမပိုင်းဇုန်
ပုံပန်းသွင်ပြင်

သမပိုင်းဇုန်သည် အပူပိုင်းဇုန်နှင့် ဝင်ရိုးစွန်းစက်ဝိုင်းအကြား တည်ရှိသည့် ဒေသဖြစ်သည်။ ဤဒေသများအတွင်း နွေရာသီနှင့် ဆောင်းရာသီတွင် အပူချိန် ပြောင်းလဲမှု မပြင်းထန်ပေ။ တနည်းအားဖြင့် ဆိုရလျှင် ပူလွန်းခြင်း၊ အေးလွန်းခြင်းမရှိပါ။ သို့သော် အာရှနှင့် မြောက်အမေရိကတိုက် အလယ်ပိုင်းကဲ့သို့ ကုန်းတွင်းပိုင်းဒေသများတွင် နွေနှင့်ဆောင်း အပူချိန် ကွာဟချက် များနိုင်သည်။