မာတိကာသို့ ခုန်သွားရန်

လုအန်ဒါမြို့

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 8°50′18″S 13°14′04″E / 8.83833°S 13.23444°E / -8.83833; 13.23444

လူအန်ဒါမြို့
မြို့တော်
Top: Agostinho Neto Memorial; National Assembly of Angola; Sonangol HQ; middle: view of Luanda; bottom: Bay of Luanda; National Bank of Angola HQ.
လူအန်ဒါမြို့ သည် အင်ဂိုလာနိုင်ငံ တွင် တည်ရှိသည်
လူအန်ဒါမြို့
လူအန်ဒါမြို့
လူအန်ဒါမြို့ သည် အာဖရိကတိုက် တွင် တည်ရှိသည်
လူအန်ဒါမြို့
လူအန်ဒါမြို့
အင်ဂိုလာနိုင်ငံရှိ လုအန်ဒါမြို့တည်နေရာ
ကိုဩဒိနိတ်: 8°50′18″S 13°14′4″E / 8.83833°S 13.23444°E / -8.83833; 13.23444
နိုင်ငံအင်ဂိုလာနိုင်ငံ
စီရင်စုလုအန်ဒါ
တည်ထောင်ခဲ့၁၅၇၆
ဧရိယာ
 • မြို့တော်၁၁၆ စတုရန်းကီလိုမီတာ (၄၅ စတုရန်းမိုင်)
 • မြို့ပြကြီး၁၈၇၆ စတုရန်းကီလိုမီတာ (၇၂၄ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၆ မီတာ (၂၀ ပေ)
လူဦးရေ (၂၀၂၀)[]
 • မြို့တော်၂၅၇၁၈၆၁[]
 • မြို့ပြကြီး၈၃၃၀၀၀၀
 • မြို့ပြကြီး သိပ်သည်းမှု၄၄၀၀/km (၁၂၀၀၀/sq mi)
 ၂၀၁၉
အချိန်ဇုန်+1
HDI (2019)0.686[]
Medium

လုအန်ဒါမြို့(/luˈændə, -ˈɑːn-/)[]သည် အင်ဂိုလာနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည်။ ထိုမြို့သည် အင်ဂိုလာနိုင်ငံ၏ အဓိကဆိပ်ကမ်းဖြစ်ပြီး နိုင်ငံ၏ စက်မှုလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် မြို့ပြဗဟိုတို့ အဓိကတည်ရှိရာမြို့လည်းဖြစ်သည်။ အင်ဂိုလာနိုင်ငံမြောက်ပိုင်း အတ္တလန္တိတ်ကမ်းရိုးတန်းတွင် တည်ရှိသော လုအန်ဒါမြို့သည် အင်ဂိုလာနိုင်ငံ၏ အုပ်ချုပ်မှုဗဟိုဖြစ်ပြီး ပင်မဆိပ်ကမ်းဖြစ်ကာ လုအန်ဒါစီရင်စု၏ မြို့တော်ဖြစ်သည်။ လုအန်ဒါမြို့နှင့် မြို့ပြဧရိယာသည် ကမ္ဘာပေါ်တွင် ‌လူဦးရေအထူထပ်ဆုံးသော ပေါ်တူဂီစကားပြောမြို့တော်ဖြစ်ပြီး ဘရာဇီးနိုင်ငံပြင်ပတွင် လူဦးရေထူထပ်သော Lusophone city ဖြစ်ကာ ၂၀၂၀ ခုနှဏ် နေထိုင်သူ ၈.၃ မီလီယံကျော်(အင်ဂိုလာလူဦးရေ၏ သုံးပုံတစ်ပုံ)ရှိသည်။

အာဖရိကတိုက်ရှိ ရှေးအကျဆုံးသော ကိုလိုနီမြို့များထဲတွင် ဤမြို့ကို ၁၅၇၆ ခုနှစ် ပေါ်တူဂီ စူးစမ်းရှာ‌ဖွေရေးသမား ပါလို ဂျီရပ်စ် ဒီ နိုဗိုင်းစ်(Paulo Dias de Novais)မှ São Paulo da Assunção de Loanda ဟုသော အမည်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ကျွန်ကုန်ကူးမှု တားမြစ်ခြင်းမရှိမီ ထိုမြို့သည် ဘရာဇီးနိုင်ငံသို့ ကျွန်ကုန်ကူးမှု၏ အဓိကနေရာဖြစ်ခဲ့သည်။ ၁၉၇၅ ခုနှစ် အင်ဂိုလာ ပြည်တွင်းစစ်စတင်ချိန်တွင် ပေါ်တူဂီလူဖြူအများစုသည် အဓိကအားဖြင့် ပေါ်တူဂီနိုင်ငံသို့ ဒုက္ခသည်များအဖြစ် ထွက်ပြေးခဲ့ကြသည်။[] လုအန်ဒါ၏ လူဦးရေသည် စစ်ပွဲမှ ထွက်ပြေးလာခဲ့သော ဒုက္ခသည်များကြောင့် များစွာ တိုး၍လာခဲ့သော်လည်း ဤတိုးပွားမှုကို ကိုင်တွယ်နိုင်ရန်အတွက် အခြေခံအဆောက်အဦ မလုံလောက်မှု ဖြစ်ပေါ်ခဲ့သည်။ ဤသည်မှာ ဆင်းရဲသားရပ်ကွက်များတိုးပွားလာမှု သို့မဟုတ် နောက်ဆက်တွဲဆိုးကျိုးများသည် လုအန်ဒါမြို့ပတ်ဝန်းကျင်တွင် ‌ဖြစ်ပေါ်လာခဲ့သည်။ မြို့တော်တွင် အကြီးစားပြန်လည်တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့ပြီး များစွာကြီးမားသော တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကာ မြို့တော်ရှုခင်းကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။[]

မြို့တော်တွင် လက်ရှိတည်ရှိနေသော စက်မှုလုပ်ငန်းများတွင် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ‌အဖျော်ယမကာထုတ်လုပ်ခြင်း၊ အထည်အလိပ်လုပ်ငန်း၊ ဘိလပ်မြေလုပ်ငန်း၊ ကားသစ်များတပ်ဆင်ခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ပလက်စတစ်၊ သတ္တု၊ စီးကရက်နှင့် ရှူးဖိနပ်လုပ်ငန်းတို့ ပါဝင်သည်။ မြို့တော်သည် ရေနံစီးပွားရေးလုပ်ငန်းဗဟိုချက်အဖြစ် ထင်ရှားပြီး[][] ရေနံသန့်စင်စက်ရုံသည် မြို့တော်တွင် တည်ရှိသည်။ လုအန်ဒါမြို့သည် ပြင်ပမှ လာရောက်နေထိုင်သူများအတွက် ဈေးအကြီးဆုံးမြို့များထဲမှ တစ်မြို့ဖြစ်သည်။[][၁၀] လူအန်ဒါမြို့တွင် နေထိုင်သူ အများစုမှာ Ambundu လူမျိုးစုများဖြစ်သော်လည်း မကြာသေးမီကာလများတွင် Bakongo နှင့် Ovimbundu လူမျိုးစုအရေအတွက်များ တိုး၍လာခဲ့သည်။ ‌ဥရောပတိုက်သားများလည်းရှိပြီး အထူးသဖြင့် ပေါ်တူဂီလူမျိုးများဖြစ်သည်။ လူအန်ဒါသည် ၂၀၁၀ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ပွဲများကို လက်ခံကျင်းပခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Instituto Nacional de Estatística, República de Angola.
  2. Archived copy။ 2018-02-12 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၆ ဇူလိုင် ၂၀၂၁ တွင် ပြန်စစ်ပြီး။ Citypopulation reporting on Instituto Nacional de Estatística, República de Angola (web) projection july 2019
  3. Sub-national HDI – Area Database – Global Data Lab (in en)။ 2018-09-13 တွင် ပြန်စစ်ပြီး။
  4. LuandaDictionary.com UnabridgedRandom House။ ၁၆ ဇူလိုင် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  5. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named :0
  6. "Luanda - Angola Today" (in en-US)၊ Angola Today။ 16 July 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 20 April 2017။ 
  7. Guardian Staff။ "After the oil boom: Luanda faces stark inequality – photo essay" (in en-GB)၊ The Guardian၊ 2019-01-22။ 
  8. Specter၊ Michael။ "Luxury Living in a Failed State" (in en)၊ 2015-05-25။ 
  9. "Luanda most expensive city for expats" (in en-GB)၊ 2017-06-21။ 
  10. Neild၊ Barry (2018-06-26)။ Most expensive city for expats revealed (in en)။ 2019-05-30 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၆ ဇူလိုင် ၂၀၂၁ တွင် ပြန်စစ်ပြီး။
  翻译: